hirly

Proximity Designs

Crops Advisor

-

See how you match this job — and similar ones. Free.

Upload your resume and hirly scores it against this role at Proximity Designs first, then against similar open jobs, and shows where you fit and why.

PDF or DOCX, up to 12MB. No sign-up to see your matches.

Get past the screening software and onto a recruiter's desk

hirly rewrites your resume for this job — matching the keywords and skills in the posting, moving your most relevant experience to the top, and writing a cover letter to fit. About 30 seconds.

  • Keywords matched to this posting
  • Fit score before you apply
  • Cover letter included

Matched against 2.3M live jobs from 200,000+ employers in 200+ countries.

Tailor my resume for this job →

hirly's read of this role

Seniority
Mid level
Country
MM
Work mode
On-site / unstated
First seen by hirly
1 Oct 2026

Derived automatically from the posting. Upload your resume above to see how the role scores against it.

the posting

Crops Advisor တစ်ဦးအနေဖြင့် တောင်သူများစိုက်ပျိုးထားသော သီးနှံများတွင် ကျရောက်သော ဖျက်ပိုးများ၊ ရောဂါများ၊ မြေဆီလွှာပြဿနာများနှင့် အာဟာရဆိုင်ရာပြဿနာများကို ဘက်စုံသီးနှံကာကွယ်ရေးစနစ်ဖြင့် အထိရောက်ဆုံးနည်းလမ်းများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံး နည်းလမ်းများနှင့် အထွက်နှုန်းဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ဆွေးနွေးအကြံပေးရပါမည်။ ၎င်းဆွေးနွေးအကြံပေးမှုများကို လုပ်ဆောင်ရန် ဓနုဖြူမြို့နယ်နှင့် အိမ်မဲမြို့နယ်တွင် လစ်လပ်လျက်ရှိသော Crops Advisor ရာထူး (၃) နေရာအား ခန့်ထားရန်ရှိပါသည်။

လုပ်ငန်းတာဝန်များ

တောင်သူများကြုံတွေ့နေရသည့် ပိုးမွှားရောဂါများနှင့် မြေဆီလွှာအာဟာရပြသနာများကို ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်သော အကြုံပြုချက်များပေးရန်နှင့် အကြံပြုချက်အတိုင်း လုပ်ဆောင်နိုင်အောင် စည်းရုံးဆွေးနွေးရန်။

ဘက်စုံသီးနှံကာကွယ်ရေးစနစ်များကို ပညာပေးဆွေးနွေးပြီး ဓာတုပိုးသတ်ဆေးများကို အန္တရာယ်ကင်းရှင်းစွာ အသုံးပြုနည်းများကို သတ်မှတ်ထားသော စံနှုန်းများအတိုင်း ဆွေးနွေးအကြံပေးရန်။

ပိုးရောဂါဖြေရှင်းသော ဝန်ဆောင်မှုကို Digital Channel နှင့်ဖြစ်စေ၊ ကွင်းဆင်း၍ဖြစ်စေ ဝန်ဆောင်မှုပေးရန်။

မိမိလုပ်ဆောင်ရသည့် လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ မှတ်တမ်းများအား Digital tool များဖြင့် စာရင်းသွင်း အစီအရင်ခံစာတင်ရန်။

အဖွဲ့မှ တိုးချဲ့လုပ်ဆောင်သော လုပ်ငန်းစဉ်များနှင့် ဝန်ဆောင်မှုအသစ်များ ဆောင်ရွက်ရာတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ရန်။

တစ်လတစ်ကြိမ်၊ သုံးလတစ်ကြိမ်နှင့် နှစ်ပတ်လည် ရည်မှန်းချက်များ ချမှတ်ခြင်းနှင့် ပြန်လည်သုံးသပ်ခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန်။

အဖွဲ့အစည်း၏ ရည်မှန်းချက်နှင့် ရုံးခွဲ၏ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တခြားသော သက်ဆိုင်ရာဌာနများနှင့် လက်တွဲဆောင်ရွက်ရန်။

တောင်သူများအား မှန်ကန်တိကျသော အကြံပြုချက်များ ပေးနိုင်ရန် စဉ်ဆက်မပြတ် လေ့လာသင်ယူပြီး လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချရန်။

လိုအပ်သော အရည်အချင်းများ

စိုက်ပျိုးရေးတက္ကသိုလ် (သို့မဟုတ်) စိုက်ပျိုးရေးသိပ္ပံမှ ဘွဲ့ရရှိပြီးသူ။

လူမူဆက်ဆံရေးကောင်းမွန်၍ လုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်သူ။

စိုက်ပျိုးရေးနည်းပညာများကို စဉ်ဆက်မပြတ် လေ့လာသင်ယူလိုစိတ်ရှိသူ။

တောင်သူများနှင့် လျင်မြန်စွာ ချိတ်ဆက်နိုင်ပြီး ကောင်းမွန်သောဆက်ဆံရေးကို ရေရှည်တည်ဆောက်နိုင်သူ။

အစဉ်မပြတ်ပြောင်းလဲနေသော တောင်သူများ၏ အမူအကျင့်များကို လေ့လာသုံးသပ်နိင်သူ။

မိမိကိုယ်ကို ဦးဆောင်နိုင်ပြီး ချမှတ်ထားသော ရည်မှန်းချက်များ ပြည့်မှီအောင် ဆောင်ရွက်နိုင်သူ။

Digital Literacy အားကောင်းပြီး ဆိုင်ကယ်စီး ကျွမ်းကျင်ကာ ယာဉ်မောင်းလိုင်စင်ရှိသူ။

အဖွဲ့အစည်း၏ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ကျရာနေရာအား ပြောင်းရွှေ့လုပ်ဆောင်နိုင်သူ။

အဖွဲ့အစည်း၏ စံတန်ဖိုးများနှင့် လျော်ညီစွာ လုပ်ငန်းခွင်တွင် ဆောင်ရွက်နိုင်သူ။

သင်ရရှိနိင်မည့် အခွင့်အလမ်းများ

သင့်အနေဖြင့် မြင့်မားသောလစာ ခံစားခွင့်ရရှိရုံသာမက ကျန်းမာရေးဆိုင်ရာခံစားခွင့်များနှင့် သင့်လုပ်ငန်းစွမ်းရည် တိုးတက်စေနိုင်မည့် အခြားအခွင့်အလမ်းများလည်း ရရှိမည်ဖြစ်သည်။ ထို့အပြင် ရှေ့သို့ဦးတည်စဉ်းစား တွေးခေါ်သူများနှင့် ကောင်းမွန်သော လုပ်ငန်းခွင်မှာ အလုပ်လုပ်ရမည်ဖြစ်ပြီး Proximity School မှတစ်ဆင့် ကမ္ဘာ့အဆင့်မီ ပညာရပ်များကို လေ့လာသင်ကြားခွင့်လည်း ရရှိပါမည်။ သင့်အနေဖြင့် သင့်တာဝန်ဝတ္တရားများကို လုပ်ဆောင်လျက်ပင် မြန်မာနိုင်ငံရှိ တောင်သူများအတွက် ပိုမိုကောင်းမွန်သည့် လူမှုဘဝပုံစံကို ပြောင်းလဲပေးသူတစ်ဦးဖြစ်နိုင်သည့် အခွင့်အလမ်းလည်း ရရှိမည် ဖြစ်ပါသည်။

Proximity Designs အကြောင်း

Proximity Designs သည် ရာသီဥတု ပြောင်းလဲမှု၊ ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာမလုံလောက်မှု၊ တန်းတူညီမျှ မရှိမှုများကဲ့သို့သော ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းလျက် ရှိပါသည်။ ကျွန်ုပ်တို့သည် ကျေးလက်နေပြည်သူ ထောင်ပေါင်းများစွာအား မြေဆီလွှာပြုစုပျိုးထောင်ခြင်း၊ ရိက္ခာပိုမိုစိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ဝင်ငွေတိုးပွားစေခြင်းတို့တွင် ကူညီပေးနေသည့်အပြင် ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိ၍ လိုက်လျောညီထွေလုပ်ဆောင်နိုင်စေရန် တည်ဆောက်ပေးခြင်း နည်းလမ်းများဖြင့် အဆိုပါပြဿနာများကို အဓိက ကိုင်တွယ်ဖြေရှင်းနေခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝင်ငွေနည်းပါးသော တောင်သူသုံးစွဲသူများအတွက် ကုန်ကျစရိတ် သက်သာပြီး တီထွင်ဆန်းသစ်ထားသည့် အသေးစား ရေသွင်းစိုက်ပျိုးရေးစနစ်များ၊ ဇီဝမြေသြဇာနှင့် ဇီဝပိုးသတ်ဆေးများအပြင် သီးနှံကာကွယ်ရေး ကွင်းဆင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးလျက်ရှိပါသည်။

လွန်ခဲ့သည့် (၂၄) နှစ် အတွင်း ကျွန်ုပ်တို့သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဝင်ငွေနည်းပါးသော စိုက်ပျိုးရေး လုပ်ကိုင်သည့် အိမ်ထောင်စုပေါင်း (၁.၃) သန်းအတွက် အပိုဝင်ငွေ အမေရိကန်ဒေါ်လာ (၁၆၀၀) သန်းအထိ တိုးပွားအောင် ဖန်တီးပေးနိုင်ခဲ့ပါသည်။ ဤကဲ့သို့ ဝင်ငွေတိုးတက်လာခြင်းကြောင့် တောင်သူများသည် ၎င်းတို့သားသမီးများ၏ ပညာရေး၊ အာဟာရပြည့်ဝသော အစားအစာနှင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများတွင် ဖြည့်ဆည်းပေးနိုင်သည့်အပြင်၊ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးရွာစီးပွားရေးလုပ်ငန်းများတွင်လည်း ပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ကြပြီ ဖြစ်ပါသည်။

လျှောက်ထားရန်-

မိမိတို့၏ ကိုယ်ရေးအချက်အလက်များကို Apply တွင်နှိပ်၍ ပေးပို့လျှောက်ထားနိုင်ပါသည်။ Proximity သည် လုပ်ငန်းခွင်အတွင်း အမြတ်ထုတ်ခြင်းနှင့် အလွဲသုံးစားပြုခြင်းမှ ကာကွယ်ရေး၊ ကလေးသူငယ် စောင့်ရှောက်ရေး၊ နှောင့်ယှက်စော်ကားမှုကင်းစင်သော လုပ်ငန်းခွင်ဖြစ်မြောက်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ သမာသမတ်ရှိမှု အပါအဝင် ဝန်ထမ်းရေးရာ မူဝါဒအသီးသီးကို တိကျစွာ ချမှတ်ကျင့်သုံးနေသော အဖွဲ့အစည်း ဖြစ်ပါသည်။

Proximity သည် လျှောက်ထားသူအားလုံး၏ လူမျိုး၊ လိင်၊ အရောင်အသွေး၊ နိုင်ငံသားဇစ်မြစ်၊ လိင်စိတ်ခံယူမှု၊ အသက်၊ အိမ်ထောင်ရေး အခြေအနေ၊ မသန်စွမ်းမှုတို့နှင့် မသက်ဆိုင်ဘဲ လျှောက်ထားသူအားလုံးကို တန်းတူညီမျှ ထည့်သွင်းစဉ်းစားမည်ဖြစ်သောကြောင့် စိတ်ပါဝင်စားသူများ လျှောက်ထားရန် တိုက်တွန်းအပ်ပါသည်။

Original posting on Proximity Designs's site ↗

Want this one?

Upload your resume and hirly rewrites it for this job and writes the cover letter — in about thirty seconds, before you sign up.

Tailor my resume for this job